နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သေချာနေတဲ့ အန်ဇို၊ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တဲ့ ဘာစီလိုနာ | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ရာသီကုန်မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပါတယ်။ အာဂျင်တီးနားသားက လက်ရှိမှာ မက်ဒရစ်မြို့မှာ အိမ်လိုက်ရှာနေပြီလို့ သိရပါတယ်။ ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာ ကတော့ မက်ဒရစ်ဆီ ပြောင်းရွှေ့လိုကြောင်း လမ်းကြောင်းပေး ပြောကြားခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ၂ ပွဲပယ် ပြစ်ဒဏ်ချခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါရဲ့ ခြေစွမ်းအပေါ် စိတ်ပျက်မှုတွေ တိုးလာနေပြီး သူ့ကို အရောင်းစာရင်းတင်ဖို့ အထိ စဉ်းစားနေပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က ခရူးစ်နဲ့ မိုဒရစ် နေရာမှာ အစားထိုးဖို့ ထိပ်တန်း ကစားသမားတွေ ရှာဖွေနေပါတယ်။

ရီးရဲလ်က ဘရာဇီးလ် လူငယ် ကြယ်ပွင့် အန်းဒရစ်ခ် ကိုတော့ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အသက် ၂၂ နှစ် အရွယ် ဂွန်ဇာလို ဂါစီယာ ကိုတော့ အပြီးသတ် ရောင်းချသွားမှာ ဖြစ်ပြီး အနာဂတ်မှာ ပြန်လည် ဝယ်ယူခွင့် ထည့်သွင်း ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ တိုက်စစ်ပိုင်း အတွက် ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီခေါ်ယူမှုဟာ လူငယ် ကြယ်ပွင့် လာမင်း ယာမယ် ကိုယ်တိုင် ထောက်ခံချက်ပေးခဲ့တာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို ၁၁၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ တိုက်စစ်ပိုင်း အတွက် ဂါလာတာဆာရေး တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အိုဆင်မ်ဟန်ကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုခဲ့တဲ့ ယာမယ်

အေဇက်ခ် အဲလ်ခမာ အသင်း အနေနဲ့ ဘာစီလိုနာက ပစ်မှတ်ထားနေတဲ့ ကီးစ် စမစ် အတွက် ပြောင်းရွှေ့ကြေး အလွန်အကျွံ မတောင်းဖို့ သတိပေးခံထားရပါတယ်။ အကယ်၍ ညှိနှိုင်းမှု မပြေလည်ရင် ကစားသမား ကိုယ်တိုင်က စာချုပ်ဖျက်သိမ်းပြီး နူးကမ့်ပ်ကို ပြောင်းရွှေ့လာနိုင်ခြေ ရှိနေပါတယ်။

အက်ဖ်စီ တွမ်တီး အသင်းရဲ့ ဗဟိုနောက်ခံလူ ရုဒ် နစ်စတတ်ရဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့မှု ကတော့ ပျက်ပြားသွားခဲ့ပါပြီ။ အကြောင်းရင်း ကတော့ ဘာစီလိုနာ ဘက်က သူတို့တောင်းဆိုတဲ့ စျေးနှုန်းကို မြင့်မားလွန်းတယ်လို့ ယူဆတာကြောင့် ဖြစ်ပါတယ်။

စပါး အသင်းခေါင်းဆောင် ခရစ္စရှန် ရိုမီယိုဟာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့တုန်းက ဆန်းဒါးလန်းကို ၁-၀ နဲ့ ရှုံးတဲ့ပွဲမှာ ဒုတိယပိုင်း ပွဲကစားချိန် အတွင်း ရိုမီယိုဟာ အသင်းဖော် ဂိုးသမား ကင်စကီနဲ့ ထိခိုက်မိတာ ကနေ ညာဘက်ဒူးမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပြီး ဆေးကုသမှု ခံယူခဲ့ပေမယ့် ပွဲဆက်လက် မကစားနိုင်တော့တာကြောင့် မိနစ် ၇၀ မှာ ဒန်ဆိုနဲ့ လူစားလဲခံခဲ့ရပါတယ်။

ကွင်းထဲ ကနေ ထွက်လာချိန်မှာ ရိုမီယိုဟာ စိတ်ထိခိုက်ပြီးတော့ ဝမ်းနည်းတကြီး ငိုကြွေးခဲ့ပြီး စပါး အသင်းဟာ တန်းမဆင်းရဖို့ ရုန်းကန်နေရသလို ၈ ပတ် အကြာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်တော့မှာ ဖြစ်လို့ ဒီလိုအချိန်မှာ ဒဏ်ရာရခဲ့တာက ရိုမီယို အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

စပိန်က လာတဲ့ သတင်းတွေအရ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ် ဖလား တစ်လုံးလုံး မရခဲ့ရင် မီခဲလ် အာတေးတားကို ရာထူး ကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အာဆင်နယ် နည်းပြဘဝ ၆ ရာသီမြောက်ကို ဖြတ်သန်းနေတဲ့ အာတေးတားဟာ အစောပိုင်းမှာ ဖလား ၄ လုံး အောင်မြင်မှု ရယူနိုင်မယ့် အခြေအနေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့လမှာပဲ ပြည်တွင်း ပြိုင်ပွဲ ၂ ခု ကနေ ထွက်ခွာခဲ့ရပါတယ်။ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့သလို၊ အက်ဖ်အေဖလား ကွာတားဖိုင်နယ် မှာလည်း ချန်ပီယံရှစ် ကလပ် ဆောက်သမ်တန်ကို ရှုံးပြီး ပြုတ်ခဲ့ပါတယ်။

အာတေးတားရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အသင်းခေါင်းဆောင်ဟောင်း ဆက်စ် ဖာဘရီဂတ်စ်ကို အသင့်တော်ဆုံးသူ အဖြစ် အာဆင်နယ်က ရွေးချယ်ထားပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်မှာ ၁၀ စုနှစ် တစ်ခုနီးပါး ကစားခဲ့သူဖြစ်ပြီး လက်ရှိမှာ အီတလီ ကလပ် ကိုမို အသင်းကို ကိုင်တွယ်နေကာ စီးရီးအေ အဆင့် ၅ ရောက်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်