ချဲလ်ဆီး – မန်ချက်စတာစီးတီး
စူပါဆန်းဒေး ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် ချဲလ်ဆီးနဲ့ မန်စီးတီးတို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ချဲလ်ဆီးက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးပမ်းနေသလို မန်ချက်စတာစီးတီး ကလည်း ချန်ပီယံလုပွဲထဲမှာ ဆက်ရှိနေစေဖို့ အားစိုက်ရမှာ ဖြစ်တာကြောင့် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။
နိုင်ငံတကာ ပွဲစဉ်တွေ အပြီး နှစ်သင်းစလုံးဟာ အက်ဖ်အေဖလားမှာ ဂိုးပြတ် နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြပါတယ်။ လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးက ပို့တ်ဗေးလ်ကို ၇ ဂိုးပြတ် အနိုင်ယူခဲ့သလို၊ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကလည်း လစ်ဗာပူးလ်ကို ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
ချဲလ်ဆီး
အသင်းငယ်လေး ပို့တ်ဗေးလ်ကို ၇ ဂိုးပြတ် အနိုင်ရရှိခဲ့တာဟာ နိုင်ငံတကာ ပွဲစဉ် မတိုင်ခင် ၄ ပွဲဆက် ရှုံးနိမ့်ထားတဲ့ ချဲလ်ဆီး အတွက်တော့ သက်သာရာရစေခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ရိုစီနီယာ အပေါ် ဖိအားတွေ ကတော့ လျော့ကျမသွားသေးပါဘူး။ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်နေတဲ့ အန်ဇို ဖာနန်ဒက်စ်ရဲ့ ပြဿနာကြောင့် ကစားသမားဟာ အသင်းတွင်း ၂ ပွဲပယ် ပြစ်ဒဏ်ကို ဒီတစ်ပတ် မှာလည်း ဆက်လက် ရင်ဆိုင်နေရပါတယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရမယ့် အဆင့် ၅ နေရာနဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။ အကယ်၍ ဒီပွဲမှာသာ ထပ်မံ ရှုံးနိမ့်ပြီး ဂိုးမသွင်းနိုင်ခဲ့ရင် ၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ၃ ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားမှာပါ။
မန်ချက်စတာစီးတီး
တစ်ဖက်မှာလည်း မန်စီးတီးဟာ ခြေစွမ်းပြနေပြီး နည်းပြ ပပ် ဂွါဒီယိုလာဟာ အာဆင်နယ်ကို အနိုင်ယူပြီး ခရာဘောင်ဖလားကို ၅ ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလား မှာလည်း အာလင်း ဟာလန်းရဲ့ ၁၂ ကြိမ်မြောက် ဟက်ထရစ်ဂိုးနဲ့ အတူ လစ်ဗာပူးလ်ကို အနိုင်ယူပြီး ဝင်ဘလေမှာ ကစားရမယ့် ဆီမီးဖိုင်နယ်ကို ရောက်ရှိထားပါတယ်။ ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်နဲ့ ၉ မှတ် ကွာဟနေပေမယ့် မန်စီးတီးမှာ ကစားဖို့ ပွဲကျန် ရှိနေပါသေးတယ်။ လာမယ့်တပတ် မှာလည်း အာဆင်နယ်နဲ့ တိုက်ရိုက် ရင်ဆိုင်ရဦးမှာပါ။ မန်စီးတီးဟာ ဧပြီလမှာ ကစားတဲ့ ပွဲစဉ်တွေမှာ အထူး ခြေစွမ်းပြလေ့ ရှိပြီး နောက်ဆုံး ကစားခဲ့တဲ့ ၃၁ ပွဲမှာ ၂၈ ပွဲ အထိ အနိုင်ရရှိထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ချဲလ်ဆီး ဘက်က အန်ဇို ဖာနန်ဒက်ဇ်၊ ဂျော်ဂျန်ဆန်၊ ကိုးလ်ဝဲလ်၊ ရိစ် ဂျိမ်းစ်၊ ချာလိုဘာ၊ ဂစ်တန်စ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ မန်စီးတီး ဘက်မှာတော့ ဂျွန်စတုန်းစ်၊ ဂဗာဒီယိုလ်နဲ့ ရူဘင် ဒီးရာ့စ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂူစတို၊ ဖိုဖာနာ၊ တိုဆင်၊ ကူကာရယ်လာ၊ ဆန်းတို့စ်၊ ကိုင်စီဒို၊ နီတို၊ ပါးလ်မား၊ အက်စတီဗာအို၊ ပက်ဒရို
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ နူနက်စ်၊ ကူဆာနော့ဗ်၊ ဂူဟီ၊ အိုရွိုင်လီ၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဆီမီညို၊ ချာကီ၊ ဒိုကု၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပြီးခဲ့တဲ့ ဇန်နဝါရီလက တွေ့ဆုံမှုမှာ ၁-၁ သရေ ရလဒ် ထွက်ပေါ်ခဲ့ပေမယ့် မန်စီးတီးဟာ ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၂ ပွဲ စလုံးမှာ ရှုံးနိမ့်ခြင်း မရှိသေးပါဘူး။ ချဲလ်ဆီး အနေနဲ့ ၂၀၂၀-၂၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နောက်ပိုင်း မန်စီးတီးကို တစ်ကြိမ်မျှ ပြန်လည် အနိုင်မရသေးတာလည်း ဖြစ်ပါတယ်။ အပြာရောင် အသင်းကြီး နှစ်သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှုဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု လမ်းကြောင်းတွေအတွက် အလွန်အရေးပါတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး နိုင်ရင် ၂.၉၄ ဆ၊ မန်စီးတီး နိုင်ရင် ၂.၁၃ ဆ၊ သရေ ဆိုရင်တော့ ၃.၄၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း မန်စီးတီး ဘက်က အနည်းငယ် ကြေးကြောပေးထားတာ တွေ့ရပါတယ်။ မန်စီးတီးတို့ အာဆင်နယ်တို့ ခြေချော်မှုကို အခွင့်ကောင်းယူဖို့ ကြိုးစားမှာ ဖြစ်သလို လက်ရှိ ချဲလ်ဆီးရဲ့ Form အရလည်း အနိုင်ရဖို့ မခက်ပါဘူး။ အများကြီး ပြောစရာ မလိုပါဘူး။ မန်စီးတီး အနိုင်သေချာပါတယ်။
ခန့်မှန်းရလဒ်
ချဲလ်ဆီး ၁-၂ မန်ချက်စတာစီးတီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


