နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒီလစ်ဂျ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အက်တလက်တီကို၊ အင်္ဂလန် ထိပ်သီးတွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ရိုးမား ဂိုးသမား | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

မားသီးယက်စ် ဒီလစ်ဂျ် ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။ ဒါ့အပြင် အက်တလက်တီကိုမက်ဒရစ်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဆက်လက်ပြီး တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီ ကလည်း ထွက်ခွာမယ့် စာရင်းမှာ ပါဝင်နေပါတယ်။ အတ္တလန္တာ ဟာ ဂျူဗင်တပ်စ်၊ ရိုးမား၊ ကိုမို တို့နဲ့ အတူ သူ့ကို ခေါ်ယူဖို့ နောက်ဆုံး စိတ်ဝင်စားလာတဲ့ အီတလီ ကလပ် ဖြစ်လာပါတယ်။ 

နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်က အပြင်းအထန် ကြိုးစားနေပါတယ်။ မန်စီးတီးက အသာစီးရနေမှန်း သိထားပေမယ့်လည်း ယူနိုက်တက် ကတော့ အလျှော့ပေးမယ့်ပုံ မရှိပါဘူး။ 

ဝက်စ်ဟမ်း ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ် ကိုလည်း ယူနိုက်တက်က ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့ရဲ့ ပြိုင်ဆိုင်မှု ကိုတော့ ကျော်ဖြတ်ရဖို့ ရှိပါတယ်။ 

အဲဗာတန်ဟာ ဂရီးလစ်ရှ်ကို ပေါင်သန်း ၅၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် ရှိပေမယ့် အဲဒီပမာဏကို ပေးချေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဈေးနှုန်းလျှော့ပေါ့မယ် ဆိုရင်တော့ ဂရီးလစ်ရှ်က အဲဗာတန်မှာ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။ 

ပီအက်စ်ဂျီ တောင်ပံကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာကို ခေါ်ယူဖို့ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ၃ သင်းက စုံစမ်းနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက ကတော့ ရောင်းဖို့ စိတ်မကူးထားသလို ရောင်းရင်လည်း လက်လှမ်းမမီနိုင်တဲ့ ပြောင်းရွှေ့ကြေးမျိုး တောင်းဆိုမှာ ဖြစ်ပါတယ်။ 

စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ ရောင်းထုတ်ခံရနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဂါဘရီရယ် မာတင်နယ်လီ ကတော့ အာဆင်နယ်မှာပဲ ဆက်နေချင်နေပါတယ်။ 

ရိုးမား ဂိုးသမား မိုင်လီ ဆဗီလာကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့က စောင့်ကြည့်နေပါတယ်။ ရိုးမားသာ ချန်ပီယံလိဂ် ဝင်ခွင့် မရဘူးဆိုရင် သူ့ကို ရောင်းထုတ်သွားဖွယ် ရှိပါတယ်။ 

ချဲလ်ဆီးရဲ့ ခံစစ် ပစ်မှတ်စာရင်းမှာ ဂျရတ် ဘရန့်သ်ဝိတ် (အဲဗာတန်)၊ မူရီလို (နော့တင်ဟမ်ဖောရက်စ်) နဲ့ ယန်ပေါလ် ဗန်ဟက်ကီ (ဘရိုက်တန်) တို့ ပါဝင်နေပါတယ်။ 

လစ်ဗာပူးလ် ဂိုးသမား အလီဆွန် ဘက်ကာဟာ မာမာဒက်ရှ်ဗီလီနဲ့ ပွဲထွက်ခွင့် လုရမယ့် အရေးကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေပြီး ဂျူဗင်တပ်စ်က သူ့ကို ခေါ်ယူဖို့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ 

ရိုးမား ဂိုးသမား မိုင်လီ ဆဗီလာကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ နယူးကာဆယ် တို့က စောင့်ကြည့်နေပါတယ်။
စီးရီးအေ ကလပ် ရိုးမားမှာ လက်စွမ်းပြနေတဲ့ ဆဗီလာ

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘေယန်မြူးနစ် တောင်ပံ ကစားသမား မိုက်ကယ် အိုလီဆေးကို ရာသီကုန်မှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ မြှင့်တင်တော့မှာ ဖြစ်ပါတယ်။ 

ဘာစီလိုနာဟာ တောင်ပံ ကစားသမား ရာဖင်ညာကို ရောင်းထုတ်ဖို့ အသင့်ရှိနေသလို၊ ရာဖေးလ် လီယာအိုကို ခေါ်ယူဖို့ ကမ်းလှမ်းခံရပေမယ့် အရင်ကလို စိတ်မဝင်စားတော့ပါဘူး။

ဘုန်းမောက် နောက်ခံလူ မားကို့စ် ဆီနက်ဆီကို တော့တင်ဟမ်ဟော့စပါးက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ လူးဝစ္စ အန်နရီကေးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျှော်လင့်နေပြီး ပီအက်စ်ဂျီ ဘက်ကတော့ အန်နရီကေး နေရာမှာ အစားထိုးဖို့ ဇာဘီ အလွန်ဆိုကို ပစ်မှတ်ထားနေပါတယ်။ 

ဟာသာဘာလင်ရဲ့ အသက် ၁၆ နှစ် အရွယ် လူငယ် ကွင်းလယ်လူ ကဲနက် အိုက်ဟွန်းကို ခေါ်ယူဖို့ မန်စီးတီးလည်း ပြိုင်ပွဲထဲ ပါဝင်လာပါတယ်။

၂၀၂၄ တုန်းက လက်ရွေးစင် အသင်း ကစားသမား ဘဝ ကနေ အနားယူခဲ့တဲ့ လူးဝစ္စ ဆွာရက်ဇ် တစ်ယောက် လာမယ့် ကမ္ဘာ့ဖလားမှာ ပြန်လည် ပါဝင် ကစားပေးဖို့ တံခါးဖွင့်လှစ်ခဲ့ပါတယ်။ အသက် ၃၉ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွာရက်ဇ်ဟာ လက်ရွေးစင် အသင်း အတွက် စုစုပေါင်း ၁၄၃ ပွဲ ကစား သွင်းဂိုး ၆၉ ဂိုး အထိ သွင်းယူပေးခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ၄ ကြိမ် အထိ ပါဝင်ကစားပေးခဲ့ဖူးသူ ဖြစ်ပါတယ်။

လစ်ဗာပူးလ် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ ကတော့ ပီအက်စ်ဂျီနဲ့ ပွဲမှာ နည်းပြ အာနေး ဆလော့တ်ရဲ့ နည်းစနစ် မှားယွင်းခဲ့ကြောင်း သုံးသပ်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ် တက်ဖို့ မျှော်လင့်ချက် နည်းနည်းသာ ရှိနေတော့တဲ့ လစ်ဗာပူးလ်ဟာ ပီအက်စ်ဂျီရဲ့ ပေါ့ဆမှု တချို့ကြောင့် အခုလို ၂ ဂိုးပြတ်လောက်နဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပြီး အကယ်၍ ပီအက်စ်ဂျီ တိုက်စစ်ပိုင်းသာ ယခုထက် ပိုသေချာခဲ့ရင် လစ်ဗာပူးလ်တို့ ဂိုးပိုပြတ်ခဲ့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်