ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ငွေကြေး အမြောက်အမြား အသုံးပြုသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ အူဂါတေးသာ အသင်းက ထွက်ခွာသွားခဲ့ရင် သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဆောက်သမ်တန် လူငယ် ကစားသမား ရှေး ချားလ်စ်ကို စျေးသက်သာတဲ့ ရွေးချယ်မှု တစ်ခု အဖြစ် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ရာသီ မတိုင်ခင် ကွင်းလယ်လူ တစ်ဦးထက်မက ခေါ်ယူဖို့ စျေးကွက်ထဲမှာ ရှာဖွေနေတာပါ။ ဝါရင့် ကွင်းလယ်လူ ကက်စ်မဲရိုး ကတော့ အသင်းက ထွက်ခွာမှာ သေချာနေပြီ ဖြစ်သလို၊ အူဂါတေး ကလည်း ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် အသင်း ပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကယ်၍ သူတို့ နှစ်ဦးစလုံး ထွက်ခွာသွားခဲ့ရင် စီနီယာ အသင်းမှာ ကိုဘီ မိနူး တစ်ဦးတည်းသာ အမာခံ ကွင်းလယ်လူ အဖြစ် ကျန်ရှိတော့မှာ ဖြစ်ပါတယ်။
ကက်စ်မဲရိုးရဲ့ နေရာ အတွက်တော့ ယူနိုက်တက်ဟာ အဲလီယော့တ် အန်ဒါဆန်၊ ဆန်ဒရို တိုနာလီ၊ အဒမ် ဝှာတန် နဲ့ ကားလို့စ် ဘလီဘာ တို့လို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော် တန်ကြေး ရှိတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့်လည်း Daily Mail ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အူဂါတေး နေရာ အတွက် ဘတ်ဂျက် သက်သက်သာသာနဲ့ ရနိုင်မယ့် ရှေး ချားလ်စ်ကို စောင့်ကြည့်နေတာပါ။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာကို အခိုင်အမာ ရယူထားနိုင်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခြေအနေကောင်းနေပါတယ်။
အသက် ၂၂ နှစ်အရွယ် မြောက်အိုင်ယာလန် လက်ရွေးစင် ရှေး ချားလ်စ်ဟာ မန်ချက်စတာမြို့မှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပြီး မန်စီးတီး အကယ်ဒမီမှာ ၁၂ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။ ၎င်းကို ၂၀၂၃ ခုနှစ်မှာ ဆောက်သမ်တန်ကို ရောင်းချခဲ့စဉ်က လက်ရှိ ယူနိုက်တက် နည်းစနစ် ဒါရိုက်တာ ဂျေဆန် ဝီးလ်ကော့စ်က ဆောက်သမ်တန်မှာ တာဝန်ယူနေချိန် ဖြစ်ပါတယ်။
လက်ရှိ သူ့ရဲ့ တန်ကြေးဟာ ပေါင် သန်း ၂၀ ဝန်းကျင် ရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အာဆင်နယ်ကို အက်ဖ်အေဖလား ကနေ အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့တဲ့ ပွဲမှာ ရှေး ချားလ်စ်က လူစားဝင် ကစားသမား အဖြစ် ပါဝင်ခဲ့ပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အဲဗာတန်၊ ရိန်းဂျားစ်နဲ့ တခြား ပရီးမီးယားလိဂ် အသင်း တချို့ ကလည်း စိတ်ဝင်စားနေကြပါတယ်။
အူဂါတေးရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝဟာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ စပို့တင်းမှာ နည်းပြ ရူဘင် အမော်ရင်နဲ့ အတူ အောင်မြင်ခဲ့ပြီးနောက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ကာ၊ ၂၀၂၄ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့်လည်း နည်းပြ အမော်ရင် လက်အောက်မှာရော၊ လက်ရှိ ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ် လက်အောက်မှာပါ သူဟာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ အူဂါတေးကို ဂျူဗင်တပ်စ်၊ နာပိုလီ၊ အေဂျက်စ်နဲ့ ဂါလာတာဆာရေး တို့က စိတ်ဝင်စားနေကြပါတယ်။ သူ့ အနေနဲ့ ပေါ်တူဂီ၊ ပြင်သစ်နဲ့ အင်္ဂလန် တို့မှာ ကစားခဲ့ပြီးပြီ ဖြစ်တာကြောင့် အီတလီ စီးရီးအေဟာ သင့်တော်တဲ့ နေရာ တစ်ခု ဖြစ်လာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


